ကျွန်တော်တို့အကြောင်း

ကျွန်တော်တို့

Speed Bird ကုမ္ပဏီသည် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ နှင့် အညီ ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲစည်းခဲ့ပြီး ကွန်ရက်အထောက် အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်(အထူး) ရရှိထားသော ဂြိုဟ်တု ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာ ဝန်ဆောင်မှု ကုမ္ပဏီ တစ်ခု ဖြစ်ပါသည်။

နည်းပညာများနှင့်ပတ်သက်၍လည်း Speed Bird ကုမ္ပဏီသည် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များရရှိထားသော အတွေ့အကြုံရင့်ကျက်သည့် အသိ ပညာရှင်၊ အတတ်ပညာရှင် အင်ဂျင်နီယာများဖြင့် ဖွဲစည်းထားပြီး နိုင်ငံတကာ နည်းပညာ ကုမ္ပဏီကြီး များနှင့်လည်း လုပ်ငန်းများ တွဲဖက်လုပ်ကိုင်ကာ နည်းပညာ အထောက်အပံ့အပြည့်အဝ ရရှိထားသော အသိအမှတ်ပြု ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

ထို့ပြင် ကုမ္ပဏီတွင်း၌လည်း နည်းပညာဆန်းသစ် တီထွင်မှုများ၊ တိုးတက်ပြောင်းလဲမှုများကို အစဉ်လေ့လာလျက် နောက်ဆုံးပေါ်နည်းပညာများ ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျှက် ရှိပါသည်။

ကုမ္ပဏီ၏ သဘောထား

 

မြန်မာနိင်ငံနှင့် အာရှပစိဖိတ် ဒေသများတွင် ဆန်းသစ်တီထွင်မှုများ၊ ကျင့်ဝတ်ဆိုင်ရာ စီးပွားရေး အလေ့အကျင့်များ၊ သာလွန်ကောင်းမွန်သော နည်းပညာများ ဖြင့် ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီများတွင် ထိပ်တန်းမှ ရပ်တည်နိုင်ရန်နှင့် သုံးစွဲသူများ၏ လက်ရှိနှင့် အနာဂါတ်အတွက် အကောင်းဆုံး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်။

 

ကုမ္ပဏီ၏ တာဝန်

လက်ရှိ နှင့် အနာဂါတ်၏ ဆက်သွယ်ရေး လုပ်ငန်းစဥ်များတွင် သုံးစွဲသူတို့၏ လိုအပ်ချက်များအတိုင်း ဂြိုဟ်တုဆက်သွယ်ရေး လုပ်ငန်းများ နှင့် ပုဂ္ဂလိကကွန်ရက် လိုအပ်ချက်များကို နေရာဒေသမရွေး ချိတ်ဆက် ဆောင်ရွက်ပေးခြင်း။

မိတ်ဆွေတို့၏ အခက်အခဲများကို တိကျသေချာသော နည်းလမ်းများဖြင့် ကူညီပေးပါရစေ

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်

  • Wireless Broadband ဝန်ဆောင်မှုနှင့် ဂြိုဟ်တုဆက်သွယ်ရေး ဈေးကွက်ကို ဦးဆောင်နိုင်ရန်။
  • အပြည်ပြည်ဆိုင်ရာ စီးပွားရေး Partnersများဆီမှ အဆင့်မြင့်ကျွမ်းကျင်မှုနှင့် နည်းပညာများကို ကျွမ်းကျင်စွာ လွှဲပြောင်းရယူနိုင်ရန်။
  • ဝန်ထမ်းများ ကျွမ်းကျင်မှုရှိစေရန်အတွက် တိကျသော လေ့ကျင့်မှုများပေးခြင်းနှင့် စီးပွားရေး ယှဉ်ပြိုင်မှုကို ဦးဆောင်နိုင်စေရန်။
  • Customers များ၏ အာရုံစိုက်မှုနှင့် ယုံကြည်မှုရရှိနိုင်ရန်။
  • ဈေးကွက်သစ် ချဲ့ထွင်ခြင်းနှင့် ဖွံ့ဖြိုးရေးအတွက် အားပေးရန်။
  • သူမတူသော ဈေးနှုန်းများနှင့် ပြည့်စုံသော Broadband Internet လုပ်ငန်းစဉ်များတွင် တာဝန် ကျေပွန်စွာ ဆောင်ရွက်ပေးနိုင်ရန်။
  • အပြည်ပြည်ဆိုင်ရာ Broadband ကွန်ရက်အား တစ်ခြားအင်တာနက် ဝန်ဆောင်မှုများဖြင့် ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်ရန်။
  • မြန်မာနိုင်ငံလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းများတွင် ယုံကြည်စိတ်ချရသောပုဂ္ဂလိက ကွန်ရက်ဖြေရှင်းချက်များအား ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်ရန်နှင့် အိမ်အရောက်ဝန်ဆောင်မှု ပေးနိုင်ရန်။