ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ နှင့် စနစ်များ
ဝန်ဆောင်မှု ဖော်ပြချက်
Speed Bird ကုမ္ပဏီသည် ဂြိုဟ်တုဆက်သွယ်ရေးနှင့် နည်းပညာ ဝန်ဆောင်မှုပေးသော ကုမ္ပဏီဖြစ်ပါသည်။ နိုင်ငံအဝှမ်း Broadband အင်တာနက်ချိတ်ဆက်မှု၊ VoIP over satellite ဝန်ဆောင်မှု၊ လုံခြုံရေးနှင့် စောင့်ကြည့်ရေးဆိုင်ရာ ကွန်ရက်များ (surveillance over satellite network)၊ ပုဂ္ဂလိက ကိုယ်ပိုင်အဖွဲ့အစည်း ကွန်ရက်များ (Satellite Private Network) နှင့် ၎င်းတို့နှင့်ဆက်စပ် နည်းပညာ အထောက်အပံ့ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျှက် ရှိပါသည်။ (Design, Implementation, Installation, Maintenance and management, etc)
ဥပမာ – သုံးစွဲသူများ၏ ကွန်ရက်များနှင့် ဆက်စပ်ပစ္စည်းများ တစုံတရာလဲလှယ်ရန် (သို့မဟုတ်) ပြင်ဆင်ရန် လိုအပ်ချိန်၌ သုံးစွဲသူမှ သတိမထားမိလိုက်ခင်မှာပင် SUPPORT CENTER မှဖုန်းဆက်၍ လိုအပ်သော ဝန်ဆောင်မှုများနှင့် ပြုပြင်မှုများအတွက် အကြောင်းကြားစီစဉ်ပေးခြင်းမျိုးဖြစ်ပါသည်။
Speed Bird ကုမ္ပဏီအနေဖြင့် သုံးစွဲသူများ၏ လိုအပ်ချက်နှင့် ရည်မှန်းချက်ကို ပြည့်မီစေရန်အတွက် များစွာသော နည်းပညာ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခဲ့ပါသည်။ ဝန်ဆောင်မှု ပေးရုံသာမက ဖောက်သည်များ၏ လိုအပ်ချက်၊ လုံခြုံရေးနှင့် စီမံကိန်း ရေးဆွဲခြင်းနှင့် ပတ်သက်၍ အကြံဥာဏ်များပေးခြင်း၊ တိုင်ပင်ဖြေရှင်းခြင်းများလည်း ဆောင်ရွက်ပေးပါသည်။ ကုမ္ပဏီသည် ဈေးကွက်သစ်ချဲ့ထွင်ရန်နှင့် သုံးစွဲသူအသစ်များအား ဆွဲဆောင်ရန်၊ လက်ရှိ သုံးစွဲသူ များ၏ ထပ်မံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်အတွက် နည်းပညာများ၊ ထုတ်ကုန် အသစ်များ နှင့် ဝန်ဆောင်မှု အသစ်များအား သုတေသန အမြဲတမ်းလုပ်ဆောင်ကူညီနေသည်။ ကုမ္ပဏီ support team များမှလည်း သုံးစွဲသူ customerများ၏ကွန်ရက်များ၊ စနစ်များ၏ လိုအပ်ချက်များကို အမြဲစောင့်ကြည့်၍ပြသနာတစ်စုံတစ်ခုရှိလာပါက အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
သင့်တွင် အတွေးအမြင်တစ်ခုရှိလျှင်
၎င်းကို လက်တွေ့အဖြစ်သို့
ပြောင်းလဲရန် ကျွန်ုပ်တို့ ကူညီပါမည်
VSAT Fixed
Satellite Service
Myanmarsat-2 Myanmar government satellite program
Ku band transponders on Intelsat 906 – Geostationary Satellite
Has both land and sea coverage over Myanmar
The latest generation satellite platform with smart data acceleration and high-speed modulation technology
Suitable for most applications from sending emails with large attachments to watching YouTube
High look angle- if you see the sky, you can get our service
Very small Aperture Terminal (VSAT)
Gateway antenna and hub at the teleport
Outdoor antenna and modem at customer premise
Available anywhere in Myanmar
Unmatched availability (99.99% up time)
Full network solution for more than 10,000 sites
Independent of terrestrial infrastructure such as fiber availability
Nationwide secure & private network
Fast & easy to deploy (no digging required)
New sites can be added in the same day
Best solution by far for multicast applications
Transmit once to all sites (2GB package in less than 2 hours)
Supports multiple applications – Point of Sale, Voice, VoIP, Data, Video Conference, Surveillance, email, FTP, SCADA, IPTV, Security, Cellular back-haul
သင့်ရဲ့ စီးပွားရေးကိုသာ အာရုံစိုက်ပါ။ နက်ဝေါ့ချိတ်ဆက်မှု ပြီးပြည့်စုံစေဖို့ ကျွန်ုပ်တို့ တာဝန်ယူပါတယ်။
ကျွန်ုပ်၏ ဝန်ဆောင်မှုများ
Speed Bird ကုမ္ပဏီအနေဖြင့် ဂြိုဟ်တုဆက်သွယ်ရေးနှင့် လုံခြုံသော သတင်းအချက် အလက်ဆက်သွယ်ရေးလုပ်ငန်းများအတွက် အောက်ဖော်ပြပါ ခေါင်းစဉ်များ နှင့်ပက်သက်၍ နယ်ပယ်အလိုက် အဆင့်မြင့်နည်းပညာ ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။
- နိုင်ငံတစ်ဝှမ်း Broadband အင်တာနက်ချိတ်ဆက်မှုအား ဝန်ဆောင်မှုပေးခြင်း
- Satellite မှတဆင့် နိုင်ငံတဝှမ်း VoIP နှင့် SIP ဖုန်းများချိတ်ဆက်ဝန်ဆောင်မှုပေးခြင်း
- Satellite အား Pont to Point (PTP) Point to Multi-Point (PtMP) ကြိုးမဲ့ ကွန်ရက် ဒီဇိုင်းဖြင့် တပ်ဆင်ခြင်း
- Satelite ဆက်စပ်ပစ္စည်းတပ်ဆင်ပေးခြင်း၊ သင်တန်းများပို့ချပေးခြင်း၊ လုပ်ဆောင် ချက် များ စောင်ကြည့်ပေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများ နှင့် လိုအပ်သော နည်းပညာ ဝန်ဆောင်မှုများလောက် ပေးခြင်း
ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာသုံး ဆောင်ရွက်နိုင်သော
ဝန်ဆောင်မှုနှင့် စနစ်များ
Broadband Internet Access
Internet Access Hot-spots and MTU/MDU
Voice Application
Virtual Private Network
Video Conferencing (VDC)
Selling Satellite Terminals
OUR FULL TURNKEY SOLUTIONS
Turnkey solutions are for complete TDMA networks that use cost-effective VSATs and high-performance hub stations and are supported by 24×7 customer service.
These networks provide interactive two-way communications for all media, as well as broadcasting and multicasting capabilities, to tens of thousands of VSATs for fixed and mobile operations.
For the region’s businesses, telecoms, and government administrations, we provide cost-effective, scalable bandwidth and connectivity where terrestrial networks are unavailable.
Our satellite broadband solutions boost competitiveness and flexibility while providing high Quality of Service (QoS) at a lower cost.
သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ဂြိုဟ်တုဆက်သွယ်ရေး အခန်းကဏ္ဌများ
Speed Bird ကုမ္ပဏီအနေဖြင့် နေရာဒေသမရွေး ချိတ်ဆက် ဆက်သွယ်မှုများ ပြုလုပ် ဆောင်ရွက်နိုင်ရန်အတွက် ပြီးပြည့်စုံသော ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိပါသည်။ လိုအပ်သော နည်းပညာနှင့် ဆက်စက်ပစ္စည်းများအပြင် လိုအပ်သော အကြံဥာဏ်နှင့် နည်းစနစ်များကို သုံးစွဲသူတို့ စိတ်တိုင်းကျ တိုင်ပင်ဆွေးနွေး ကူညီဆောင်ရွက်ပေးပါသည်။
- ဘဏ်လုပ်ငန်း၊ ပညာရေး
- ခေတ်မီအစိုးရ
- ရေကြောင်းလမ်း
- ရေနံနှင့်ဓါတ်ငွေ့
- ကာကွယ်ရေး
- ဘဘာဝဘေးပြန်လည်ထူထောင်ရေး
- အရေးပေါ်ကယ်ဆယ်ရေး
ဘဏ်လုပ်ငန်း
Private Broadband Network နှင့် VoIP ဝန်ဆောင်မှုများသည် ဝေးလံသော ဒေသများတွင် ဘဏ်ခွဲများ ဖွင့်ရာ၌ များစွာ အထောက်အကူ ပြုပါသည်။ ကိုယ်ပိုင် Satellite VPN Network ကိုအသုံးပြုထားသောကြောင့် Network လုံခြုံရေး အထူးကောင်းမွန်ခြင်း၊ အကျိုးထိရောက်ခြင်း နှင့် ကုန်ကျစရိတ်သက်သာစေပါသည်။ ဒေသတွင်းအခြားသော Network ဝန်ဆောင်မှုများ၊ ဝန်ဆောင်မှုမရှိခြင်းများအပေါ် မှီခိုစရာမလိုပဲ ကိုယ်ပိုင်ရပ်တည်နိုင်သော ကွန်ရပ်တစ်ခုကို ရရှိနိုင်သည့်အပြင် ဒေသတူ မိမိ၏အခြားသော လုပ်ငန်းများနှင့်လည်း ပြန်လည်ချိတ်ဆက်၍ Network Sharing ပြုလုပ်ကာ အသုံးပြုနိုင်သဖြင့် ထပ်မံ၍ ကုန်ကျစရိတ်လျော့ချပေးနိုင်ပါသည်။ လုပ်ငန်းလိုအပ်ချက်အလိုက် လိုအပ်သော Bandwidth နှင့် လုံခြုံစိတ်ချရမှုတို့ကို ဆောင်ရွက်ပေးနိုင်သောကြောင့် ဝေးလံသော ကျေးလက်ဒေသများ၊ ပုံမှန်ဆက်သွယ်ရေး ရောက်ရှိရန် ခက်ခဲသော နေရာများတွင် ခက်ခဲသောဒေသအတွင်း ဆက်သွယ်ရေးများကို အမှီပြုစရာမလိုပဲ ကိုယ်ပိုင်ဆောင်ရွက်နိုင်ရန် အပြည့်အဝ အာမခံဆောင်ရွက်ပေးပါသည်။
ရေကြောင်းလမ်း
ပင်လယ်ကမ်းခြေ ကုန်သွယ် ရေကြောင်း နှင့် ကုန်တင်လှေများသည် မည်သို့သော ရာသီဥတုအခြေအနေမျိုးတွင်မဆို 24/7 ခေါ်ဆိုမှု ပြုလုပ်ခြင်း၊ Email ပေးပို့ခြင်း၊ အင်တာနက် လမ်းကြောင်းနှင့် SMS ပေးပို့ခြင်းတို့ကို ပြုလုပ်နိုင်သည်။ ငါးဖမ်းသမားများအား သင်္ဘော ကမ်းမကပ်မှီ ဝင်ငွေရအောင် ကူညီနိုင်သည်။
ဖုန်းသို့မဟုတ် Email မှတစ်ဆင့် ညှိနှိုင်းရောင်းဝယ်မှု၊ အင်တာနက်မှ ရှာဖွေမှုနှင့် ဖမ်းယူရရှိသောပမာဏကို ဓါတ်ပုံများပေးပို့ခြင်းများ ပြုလုပ်နိုင်သည်။ ပင်လယ်ရေကြောင်း သင်္ဘောများအတွက် ဂြိုဟ်တာဆက်သွယ်ရေးကို ယုံကြည်စိတ်ချနှိုင်ပြီး သင်္ဘောဝန်ထမ်းများအား ကောင်းကောင်းမွန်မွန် လိုရာခရီးအရောက် မောင်းနှင်နိုင်စေရန် ဆောင်ရွက်ပေးနိုင်သည်။
ပညာရေး
ဂြိုဟ်တုဆက်သွယ်ရေးသည် မြန်နှုန်းမြင့် Data၊ Internet၊ Voice၊ Multi-Media ထုတ်လွှတ်ခြင်း နှင့် video conference ပြုလုပ်ခြင်းများကို ထောက်ပံပေးနိုင်သောကြောင့် ဝေးလံသော ပုံမှန်ဆက်သွယ်ရေးစနစ်များ ရောက်ရှိရန် ခက်ခဲသောနေရာများတွင် သင်ကြားရေး အထောက်အကူပြုအနေဖြင့် များစွာအကျိုးပြုပါသည်။ နယ်စွန်နယ်ဖျား ဒေသများရှိ ကျောင်းများသို့ အင်တာနက်ဝန်ဆောင်မှုပေးခြင်း၊ သွားလာရန်ခက်ခဲသော ဒေသများသို့ ပါမောက္ခဆရာကြီးများ၏ သင်ကြားရေးများအား တိုက်ရိုက်ထုတ်လွှင့်နိုင်ခြင်း အပြန်အလှန် ပြောဆိုမေးမြန်းနိုင်ခြင်းများ ပြုလုပ်နိုင်သောကြောင့် ပညာရေးတွင် များစွာအထောက်အကူပြုပါသည်။ Speed Bird ကုမ္ပဏီအနေဖြင့် ဂြိုဟ်တုဆက်သွယ်ရေး Multi-Media စာသင်ခန်းများနှင့် အင်တာနက်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးပါသည်။
ရေနံနှင့်ဓါတ်ငွေ့
Speed Bird ကုမ္ပဏီလီမိတက်သည် ရေနံနှင့် သဘာဝဓါတ်ငွေ့စက်ရုံများ၏ ရှာဖွေရေးနှင့် ထုတ်လုပ်ရေး လုပ်ငန်းခွင်များအတွက် ပြည့်စုံသော ဂြိုဟ်တုဆက်သွယ်ရေး အထောက်အကူပြု ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်ပါသည်။ လေ့ကျင့်ရေးပစ္စည်းများအား ထောက်ပံ့ပေးရန် ရေကြောင်းသွားလာမှုကို တည်ငြိမ်စေသော အင်တာနက်များ၊ VSAT ဆက်သွယ်ရေး Solutions ကို ပြီးပြည့်စုံစေသော စက်ပစ္စည်းများ၊ သင်္ဘောများ၊ ထုတ်လုပ်သောနေရာဒေသ FPSO (Floationg production storage and offloading) အထောက်အကူပြုခြင်းနှင့် ထောက်ပံ့မှု ရေယာဉ်များ၊ ရေအောက်သုံး ကိရိယာများကဲ့သို့ ပစ္စည်းများကို ဝန်ဆောင်မှုပေးသည်။ ကျယ်ပြန့်သော ပုံသေအကွာအဝေးနှင့် VSAT အင်တာနက် Soltuions များသည် ရေတိမ်ပိုင်း ထုတ်လုပ်ရေးနေရာများ၊ စင်များ၊ မြှင့်တင်ပေးသော ကိရိယာများနှင့် မတင်လှေများအား ဝန်ဆောင်မှုပေးသည်။
ခေတ်မီအစိုးရ
ဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အနေဖြင့် Speed Bird Co., Ltd.သည် အစိုးရ၏ လက်ရှိအခြေခံ အဆောက်အဦနှင့် ကွန်ရက်များပေါ်တွင် အသုံးပြုနိုင်ရန် အတွက်ကိုလည်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးပါသည်။ အစိုးရ၏ လုပ်ငန်း ဆောင်ရွက်မှုများတွင် ဂြိုဟ်တုဆက်သွယ်ရေးအခန်းကဏ္ဍသည် များစွာ အထောက်အကူပြုပါသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီးဝေးလံသော ကျေးလက် နှင့် တောင်ပေါ်ဒေသများတွင် ဂြိုဟ်တုဆက်သွယ်ရေးသည် အသင့်တော်ဆုံးနှင့် အကောင်းဆုံး ဆက်သွယ်ရေး နည်းပညာတစ်ခုဖြစ်ပြီး အစိုးရ၏ စီမံအုပ်ချုပ်ရေး လုပ်ငန်းများ အတွက် မြန်ဆန်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပေးနိုင်သည်။ ဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများတွင်လည်း ဂြိုဟ်တုဆက်သွယ်ရေးသည် ကိုယ်ပိုင် Private Network များတည်ဆောက်နိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းစဉ်တိုင်းအတွက်လုံခြုံမှုပေးနိုင်ပါသည်။
အရေးပေါ်အခြေအနေနှင့် သဘာ၀ဘေးအန္တရာယ်ကျရောက်ချိန်တွင် အစိုးရသည် ဂြိုဟ်တုဆက်သွယ်ရေးကို အသုံးပြုပြီး လွယ်လွယ်ကူကူထိန်းချုပ်နိုင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းများအား ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးနိုင်သည်။
သဘာဝဘေး ပြန်လည်ထူထောင်ရေး
မခန့်မှန်းနိုင်သော ဘေးအန္တရာယ်များ အတွက် တိုးတက်သောနည်းပညာနှင့် မည်သို့သော ပတ်ဝန်းကျင် အခြေအနေမျိုးတွင်မဆို ထိထိရောက်ရောက် အသုံးချနိုင်သော ဆက်သွယ်ရေး Planတစ်ခုသည် အလွန်အရေးကြီးသည်။ ကမ္ဘာမြေ၏ အခြေခံ အဆောက်အဦများသည် အမှီအခို ကင်းသောကြောင့် ဂြိုဟ်တုစလောင်းကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။ Speed Bird ကုမ္ပဏီလီမိတက်သည် ယုံကြည်စိတ်ချရပြီး ကမ္ဘာအနှံ့ ကာကွယ်မှုပေးသော ဂြိုဟ်တု Solution တစ်ခုကို ဝန်ဆောင်မှုပေးနိုင်သည်။ အရေးပေါ် အခြေအနေအတွင်းနှင့် အရေးပေါ် ကယ်ဆယ်ရေးကို ထိထိရောက်ရောက် အသုံးချနိုင်ရန် များပြားလှသော ပုံစံများအား ထောက်ပံ့ ပေးထားသော နည်းပညာများကို ဝန်ဆောင်မှုပေးသည်။